Damaged (2024)

Damaged (2024)

    မင်းသားကြီး Samuel L. Jackson ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ Action, Thriller, Crime ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ rating တွေကို သိပ်ဂရုမစိုက်တတ်ဘူး ကိုယ့်ဘာသာကိုယ် ကြည့်ပြီးမှ ဆုံးဖြတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီကားကို ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ 

    ကျွန်တော့်အမြင်မှာလည်း rating တွေ နည်းနေတာ မတန်သလိုမျိုး ခံစားရလို့ပါ။ ရုပ်ရှင်ဟာ သူ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ထိုက်သင့်သလောက်ကောင်းမွန်တာမို့ပါ။ ကျွန်တော့် အမြင်ဖြစ်တာမို့ မှားကောင်းမှားနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ကိုင်ခဲ့တဲ့ စုံထောက်ပါ။ အသတ်ခံလိုက်ရတဲ့သူထဲမှာ သူ့ရည်းစားလည်း အပါအဝင်မို့လို့ လူသတ်သမားကို အရမ်းဖမ်းချင်နေတဲ့သူပါ။ အဲဒါနဲ့ စကော့တလန် ရဲဌာနလည်း ချီကာဂို ရဲဌာနကို အမှုအတွက် ဆက်သွယ်ပြီး အကူအညီတောင်းတာမို့ အမှုအတွက် ကူညီပေးဖို့ လောဆန်ကို လွှတ်လိုက်ပါတယ်။ လောဆန်နဲ့ စကော့တလန်ရဲဌာနတို့ လူသတ်သမားကို ဖော်ထုတ်နိုင်မလား၊ ချီကာဂိုနဲ့ စကော့တလန်ကလူသတ်မှုတွေ ဘယ်လိုဆက်စပ်နေမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်ကြည့်လိုက်ပါဦး။
    အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။

Genre….. Action, Crime, Thriller
Quality…. 1080p | 720p
File size… 1.3GB | 685MB
Format… mp4

Duration…. 1h 38min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Leonard Lin
Encoder ….. Aaron

Senakulo 2024: Traslacion (2024)

Senakulo 2024: Traslacion (2024)


    Senakulo 2024 : Traslacion 2024Religionဆိုတာဘာလဲလို့မေးလာရင် ကိုးကွယ်ယုံကြည်မှုလို့ဖြေကြမှာပေါ့။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဒုက္ခတွေ့ချိန် အကြံကုန်လမ်းဆုံးချိန်မှာ အားကိုးရာ ခိုလှုံရာအနေနဲ့ သတ်မှတ်ကြတဲ့အရာပါပဲ။ physicalရော mentalရော မစွမ်းတော့ရင် spiritual လမ်းစဉ်လိုက်တတ်ကြတာပဲမဟုတ်ပါလား။ ဒါကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။


    ဗီဗာဟာ ကျောက်ကပ်ရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ကလေးတစ်ယောက်၊ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်ပီပီ ရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားချင်ပေမဲ့ ကစားခွင့်မရတဲ့သူလေး၊ ဘယ်လောက်ပဲ အမေကထိန်းချုပ်နေပါစေ တစ်ခါတလေ ခိုးဆော့ရင်းနဲ့ ဖျားလိုက်နာလိုက်ချူချာလိုက်နဲ့ ပတ်လည်ရိုက်နေတာပေါ့။တစ်နေ့မှာတော့ ဗီဗာရဲ့ကျောက်ကပ်က ကယ်မရတော့တဲ့အကြောင်း ကျောက်ကပ်ဆေးရင်းနဲ့ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပြီး အလှူရှင်ရှိရင် အဆင်ပြေကြောင်း ဆရာဝန်ကပြောလိုက်ချိန်မှာတော့ အမေဖြစ်သူငယ်ထိပ်မိုးကြိုးပစ်တဲ့အဖြစ်နဲ့ ကြုံရပါတော့တယ်။ ကိုက်ညီတဲ့အလှူရှင်ရော ခွဲစိတ်ကုသဖို့ကိုပါ မတတ်နိုင်လေတော့ နောက်ဆုံးမှာ သူ့ရဲ့ကိုးကွယ်ရာကတော့ ဘုရားသခင်ကိုပါပဲ။ခလုတ်ထိမှအမိတဆိုသလို အခက်ကြုံရင် ကိုးကွယ်ရာကိုတ,တတ်ကြတဲ့ လူသဘာဝနဲ့အတူ ခရစ်တော်သမိုင်းကြောင်း တစေ့တစောင်းရှုစားရင်းနဲ့ ဗီဗာတို့သားအမိ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ခရစ်ယာန်အသုံးအနှုန်းများကို အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားတာဖြစ်လို့ အလွဲလေးများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။)
အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alex တို့ပဲဖြစ်ပါတယ် 
File size…2.1GB / 960MB 
Quality…WEB DL 1080p /720p 
Format…mp4 
Duration….1h 37m 
Subtitle….Myanmar Subtitle (Hard Sub) 
Encoder….YK Translated by V & Alex

 Links

 Link-1 


Tee Yod / Death Whisperer (2024)Thai horrorတွေထဲမှာ ထူးထူးခြားခြား IMAX certified cameraနဲ့ ရှယ်ရိုက်ကူးထားတဲ့first thai imax horrorဖြစ်တဲ့အပြင် lead castကိုကြည့်ရင်လည်း acting တစ်ပေါက် ရှမ်းရှမ်းတောက်တဲ့ Nadech နဲ့ပွဲထွက်လာတဲ့ Death Whisperer မနှစ်ထဲက တနုံ့နုံ့နဲ့ OTTတက်ဖို့ မျှော်ခဲ့ရ၊ ရုံမှာကြည့်တဲ့သူတွေရဲ့ အညွှန်းအတိုအစလေးတွေနဲ့ စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့သူထဲ စီအမ်ပရိသတ်တွေပါခဲ့မယ်ဆိုရင် ခုပဲကြည့်ရှုခံစားလိုက်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ဖြစ်ရပ်မှန်လိုလို ဘာလိုလိုပြောနေကြပေမဲ့ သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းရာကနေ websiteမှာ ပို့စ်အနေနဲ့တက်လာပြီး လူသိများလာတဲ့ဒီဇာတ်လမ်းလေးက ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။ B.O စံချိန်တွေဘာတွေချိုးတဲ့အထိ အထာကျတဲ့ရုပ်ရှင်ကလည်းဖြစ် Sequel လည်းလာဖို့ရှိတော့ Thai horror fanမှန်ရင်တော့ လက်မလွှတ်တမ်းကြည့်သင့်ပါကြောင်း ပြောရင်းနဲ့ပဲ ဇာတ်လမ်းကိုဆက်လိုက်ရအောင်ပါ။ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။ ဒီရွာလေးမှာ သမီး ၃ ယောက် သား ၃ ယောက်ရှိတဲ့ လယ်သမား ထိုင်းတရုတ်ကပြားမိသားစုတစ်စု နေထိုင်ကြပါတယ်။ ဒီလိုနဲ့ ညီအစ်မ ၃ ယောက် ကျောင်းအပြန်နောက်ကျလို့ အိမ်ပြန်ရင်း ကျောချမ်းဖွယ်သစ်ပင်ကြီးအောက်က ထူးဆန်းတဲ့မိန်းမကြီးကိုမြင်ရာကနေ ကြမ္မာဆိုးဝင်ဖို့ဖြစ်လာပါတယ်။ အဲဒီတုန်းကတော့ ညီအစ်မ ၃ ‌ယောက်သား ခပ်သုတ်သုတ် အိမ်ပြန်ပြေးလာပေမဲ့ ဒုတိယအကြိမ် ဒီမိန်းမကြီးကို ပွဲဈေးမှာ ထပ်တွေ့အပြီးမှာတော့ အမြဲချူချာတတ်တဲ့ယမ်က တရှောင်ရှောင်ဖြစ်လာပြီး ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလိုလို သရဲပူးသလိုလိုတွေ ဖြစ်လာတဲ့အခါ…သိပ်ကိုစည်းကမ်းကြီးလွန်းတဲ့အဖေရဲ့ ချုပ်ချယ်မှုအောက်မှာ လွတ်လပ်မှုကိုလိုချင်လို့ စစ်ထဲဝင်သွားတဲ့အစ်ကိုအကြီးဆုံးယာ့ခ်တစ်ယောက် တကယ်တမ်းမိသားစုက အကူအညီလိုအပ်လာချိန်မှာ ဘယ်လိုဦးစီးဦးဆောင်လုပ်ပြီး ပြဿနာကို ဖြေရှင်းမလဲဆိုတာ ရှုစားကြပါဦး။Evil Dead Rise/ Evil Deadလို ခံစားချက်မျိုးရစေပြီးတော့ Old But Gold Shutterနဲ့ The Mediumတို့လို ကြည့်ရတန်စေမယ့်ကားပါဆိုပြီး သူ့ထက်ငါအပြိုင်ညွှန်းနေကြတာမလို့ တကယ်ပဲ worth watching ဖြစ်မဖြစ် ကိုယ်တိုင်ကြည့်ရှု အကဲဖြတ်လိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Char Ou တို့ပဲ ဖြစ်ကြပါတယ်။
Genre….. Horror, Thriller 
Quality…. 1080p | 720p 
File size…  1.8GB | 765MB 
Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) 
Translator ….. Kaung, Mary, Char Ou Encoder ….. Aaron ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။