Udanadi Mangalyam 2024 (ဂျာနာကီရဲ့ ဘဝခရီးလမ်း)
အလုပ်လုပ်တယ်ဆိုတာ လစာရဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။ အလုပ်တိုင်းမှာ အိပ်မက်တွေကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုအိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ ရွာလေးတစ်ရွာက ဂျာနာကီဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ပြလိုက်ပါတယ်။
ဂျာနာကီဆိုတဲ့ ကောင်မလေးကတော့ ပညာရေးကိုပဲ ဦးစားပေးပြီးတော့ အလုပ်ရပြီး သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်ပြီဆိုမှ အိမ်ထောင်ပြုဖို့အကြောင်းကို တွေးချင်သူလေးပါ။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေကတော့ သူတို့သမီးလေးကို အရွယ်မလွန်ခင် အိမ်ထောင်ပြုပေးချင်နေကြပါတယ်။ပိုပြီးဆိုးတာကတော့ ဗေဒင်ဆရာတစ်ယောက်က သူတို့သမီးလေးကို ၂၅နှစ်မှ အိမ်ထောင်မကျဘူးဆိုရင် ၃၂နှစ်ကျော်မှ အိမ်ထောင်ကျတော့မယ်လို့ ဟောထားတဲ့အတွက် ရတက်မအေးဖြစ်နေရပါတော့တယ်။မိဘတွေက ဘယ်လိုပဲ စီစဉ်ပေး စီစဉ်ပေး ဂျာနာကီကတော့ ခေါင်းမာမြဲမာပြီး လက်ထပ်ဖို့ကို အမြဲငြင်းနေခဲ့ပါတော့တယ်။ ဒီလိုမျိုး ပညာရေးကိုပဲ ဦးစားပေးပြီးနေတဲ့ သမီးဖြစ်သူနဲ့ အရွယ်မလွန်ခင် လက်ထပ်ပေးချင်တဲ့ မိဘတွေကြားက ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)


0 comments: