Senakulo 2024: Traslacion (2024)

Senakulo 2024: Traslacion (2024)


    Senakulo 2024 : Traslacion 2024Religionဆိုတာဘာလဲလို့မေးလာရင် ကိုးကွယ်ယုံကြည်မှုလို့ဖြေကြမှာပေါ့။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဒုက္ခတွေ့ချိန် အကြံကုန်လမ်းဆုံးချိန်မှာ အားကိုးရာ ခိုလှုံရာအနေနဲ့ သတ်မှတ်ကြတဲ့အရာပါပဲ။ physicalရော mentalရော မစွမ်းတော့ရင် spiritual လမ်းစဉ်လိုက်တတ်ကြတာပဲမဟုတ်ပါလား။ ဒါကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။


    ဗီဗာဟာ ကျောက်ကပ်ရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ကလေးတစ်ယောက်၊ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်ပီပီ ရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားချင်ပေမဲ့ ကစားခွင့်မရတဲ့သူလေး၊ ဘယ်လောက်ပဲ အမေကထိန်းချုပ်နေပါစေ တစ်ခါတလေ ခိုးဆော့ရင်းနဲ့ ဖျားလိုက်နာလိုက်ချူချာလိုက်နဲ့ ပတ်လည်ရိုက်နေတာပေါ့။တစ်နေ့မှာတော့ ဗီဗာရဲ့ကျောက်ကပ်က ကယ်မရတော့တဲ့အကြောင်း ကျောက်ကပ်ဆေးရင်းနဲ့ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပြီး အလှူရှင်ရှိရင် အဆင်ပြေကြောင်း ဆရာဝန်ကပြောလိုက်ချိန်မှာတော့ အမေဖြစ်သူငယ်ထိပ်မိုးကြိုးပစ်တဲ့အဖြစ်နဲ့ ကြုံရပါတော့တယ်။ ကိုက်ညီတဲ့အလှူရှင်ရော ခွဲစိတ်ကုသဖို့ကိုပါ မတတ်နိုင်လေတော့ နောက်ဆုံးမှာ သူ့ရဲ့ကိုးကွယ်ရာကတော့ ဘုရားသခင်ကိုပါပဲ။ခလုတ်ထိမှအမိတဆိုသလို အခက်ကြုံရင် ကိုးကွယ်ရာကိုတ,တတ်ကြတဲ့ လူသဘာဝနဲ့အတူ ခရစ်တော်သမိုင်းကြောင်း တစေ့တစောင်းရှုစားရင်းနဲ့ ဗီဗာတို့သားအမိ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ခရစ်ယာန်အသုံးအနှုန်းများကို အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားတာဖြစ်လို့ အလွဲလေးများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။)
အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alex တို့ပဲဖြစ်ပါတယ် 
File size…2.1GB / 960MB 
Quality…WEB DL 1080p /720p 
Format…mp4 
Duration….1h 37m 
Subtitle….Myanmar Subtitle (Hard Sub) 
Encoder….YK Translated by V & Alex

 Links

 Link-1 

Similar Movies

0 comments: